သီချင်းများကို ဆွဲချချင်ပါက esnips.com တွင် အရင်အကောင့်ဖွင့်ပါ

Tuesday, September 11, 2007

Hero (Enrique Iglesias) download
http://www.esnips.com/doc/8e8a1f21-d71c-4162-bf29-0613388da497/Enrique-Iglesias---Hero

With or Without You (U2) download
http://www.esnips.com/doc/e4a5e605-efb2-4078-9141-3bb3c16638d4/u2-with_or_without_you

I Drive Myself Crazy (NSync) download
http://www.esnips.com/doc/9a0c4ea0-0b3a-485b-bdc7-833ccb4bdef9/NSync---I-Drive-Myself-Crazy

Nel Myay Thit Myar Swar (ANgel) download
http://www.esnips.com/doc/f04932c3-1982-432a-b79e-c22eacd6b30e/ANgel-(NelMyayThitMyarSwar)

Sunday, September 9, 2007

မင်းခိုက်စိုးစန်၏ ‘စိုမှာစိုးလို့ မိုးမိတယ်’ ထဲမှ

ဝတ္ထုတွေ ထပ်နေကျ မင်းမှာ
နှလုံးသားနဲ့ ရင်းတဲ့ဝတ္ထု
ကိုယ် ဆက်တင်တွေ ကြောက်တယ်
မီးတွေ ကြောက်တယ်၊ မိတ်ကပ်တွေ ကြောက်တယ်
ပြီးတော့
မြမြလေးပြုံးတဲ့
မင်းမျက်ဝန်းကို ကြောက်တယ်
ကိုယ့်ကောင်းကင်မှာ သာနေတဲ့လလေး
ကဒ် ဆို မိုက်သွားမှာ့။

ကလေး
တစ်ဘ၀စာပေးလို့မှ တစ်ဘ၀စာမရတဲ့ မေတ္တာ
ပေးလို့ ကုန်သွားတာလား မရှိဘဲ မရှိတာလား
စုပြီး ဥထားတာလား။


ဟော့ဒီမှာ လက်ကိုင်မှန်လေး ဖြစ်ချင်တယ်
ဟော့ဒီမှာ ဘီးလေးတစ်ချောင်း ဖြစ်ချင်တယ်
ဟော့ဒီမှာ ဖန်စီကြိုးလေး ဖြစ်ချင်တယ်
ဟော့ဒီမှာ လက်ကိုင်အိတ်လေး ဖြစ်ချင်တယ်
ဟော့ဒီမှာ နှုတ်ခမ်းနီတောင့်လေး ဖြစ်ချင်တယ်
ဟော့ဒီမှာ လက်သည်းဆိုးဆေး ဖြစ်ချင်တယ်
ဟော့ဒီမှာ ချွေးတို့ဖတ်လေး ဖြစ်ချင်တယ်
ဟော့ဒီမှာ အသားရောင်ဝမ်းဆက် ဖြစ်ချင်တယ်
ဟော့ဒီမှာ လက်ကိုင်ဖုန်းလေး ဖြစ်ချင်တယ်
ဟော့ဒီမှာ စလစ်ပါဖိနပ်လေး ဖြစ်ချင်တယ်



တယ်လီဖုန်းဆိုတာ
ဆက်ရမှာလား လွှင့်ပစ်ရမှာလား
‘လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ
သတ်မှတ်ချိန်အတွင်း
ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့့်’
သေလိုက်ပါလား
ဖုန်းစောင့်နတ်သမီးစုတ်မ။

ကလေးရေ့
ကိုယ်က မြစ်ဆိုပြီး ကူးတဲ့ခါ
တံလျပ်တွေ
ကိုယ်က မြေဆိုပြီး ပြေးတဲ့အခါ
တိမ်တိုက်တွေ
ပန်းတိုင်မဲ့လိုက်နေရပြီး
အရှုံးသရဖူပဲ ထပ်ထပ်ရ။

အရှုံးပါပဲ
သဘာဝကျတဲ့အခါ
သိမ်းထားချင်လောက်အောင် လှပတယ်။

ကိုယ့်စိတ်ကမ်းမှာ
ရှိုက်သံစွက်တဲ့ အလွမ်းတွေပဲ
တင်ကျန်နေတော့
မုန်တိုင်းရေ ထန်လိုက်ပါတော့။

ပရီအယ်ဒင်တဲ့ဂ
မင်း ဟက်ဟက်ပက်ပက်ရယ်ဖို့ ငိုတော့မယ်
အရယ်နဲ့ အငိုကြားထဲ
ညှပ်မိနေတာက ကိုယ်
ကိုယ်သာ အညှပ်ခံနေရပြီး
မင်းက နောက်တစ်ယောက် နောက်တစ်ဇာတ်
ရယ်ငို ငိုရယ်နဲ့ သံပတ်ပေးစက်ရုပ်လို
ကိုယ်သာ အရယ်ခလုတ်မရှိတဲ့လူ။


မနက်ဖြန်ဆို
မနက်ဖြန်ဆို့
ပင်လယ်ရေ နေလုံးရွဲရွဲကြီးကို ရပ်ပစ်လိုက်စမ်း
ဝေးရမယ့် မနက်ဖြန်ဆိုတာ မလာစေနဲ့။

ဒီနေ့ ဖိုင်နယ်အယ်ဒင်ဂ
တစ်သက်စာရှင်သန်ဖို့
မင်းအညှို့တွေကို လုံလုံခြုံခြုံ သိမ်းမယ်။

ကဒ်ဝမ်း ကိုယ့်ကိုကြည့်
ကဒ်တူး ကိုယ့်ကိုပဲကြည့်
ကဒ်သရီး ကိုယ်မှလွဲပြီး မကြည့်နဲ့
ကဒ်အင်ဖနတီ အကြည့်တွေအားလုံး ကိုယ့်မှာဆုံး။

ဒါနောက်ဆုံးရိုက်ချက်
ကလေ့း့
ဟန်ဆောင်တာမပါဘဲ
ကိုယ့်ကိုမုန်းတယ်ဆိုတဲ့ အက်တင်လုပ်ပါ
ဒါမှ ကိုယ်ခွဲလို့ရမှာ
ခွဲနိုင်မှာ။

မင်းနှုတ်ဆက်တဲ့နေရာမှာ
ကိုယ်မရှိချင်ဘူး
ဝုန်းခနဲ ပြုတ်ကျသွားတဲ့ အက်တင်
ကိုယ်မလုပ်တတ်ဘူး
တကယ်က ၀ုန်းဆို ပြုတ်ကျမှာ။

ဟိုးမှာ ပင်လယ်
ဒီမှာ မြေပြင်
အထက်မှာ ကောင်းကင်
ညို့ညို့ဆိုင်းလို့ ရွာတော့မယ်
မင်းစိုတော့မှာလား
ကိုယ့်ရင်ခွင်က တက်သွားတဲ့ အခိုးအငွေ့တွေနဲ့
ရွာတော့မယ့် မိုး
မင်းစိမ်းမြစိုပြေဖို့
မင်းမိုးမိလိုက်ပါ။
‘ကိုယ့်အတွက် အချစ်ဆိုတာ
တစ်သံသရာလုံး လုံခြုံချမ်းမြေ့ဖို့
အကြည့်တွေပဲ လိုအပ်ပါတယ်’
မင်းမျက်ဝန်းက ရွှန်းရွှန်းမြမြလေး ပြုံးပါ
ကိုယ့်မျက်ဝန်းက စိုစွတ်နေမှာ
ကိုယ့် မျက် ၀န်း က စို စွတ် နေ မှာ
ကိုယ့် မျက် ၀န်း က စို စွတ် နေ မှာ။ ။

စောဝေ

Thursday, September 6, 2007

အခုလို လာရောက်တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဒီမှာတော့ လူကြီးမင်းများ အဆင်ပြေစွာ သူငယ်ချင်း၊ ညီအစ်ကို မောင်နှမ၊ မိဘ၊ ဆွေမျိုးများနဲ့ ဆက်သွယ်နိုင်ဖို့ Messenger များကို ထည့်သွင်းပေးထားပါတယ်။ စမ်းသပ်ကြည့်စေချင်ပါတယ်။